Monday, February 9, 2009

ကျွန်တို့ ၏ လမ်းလျှောက်သံ

 
 

 
 

ကျွန်တို့ ၏ လမ်းလျှောက်သံ

Saturday, January 31, 2009

5:58 PM

 
 

"အမုန်းတရားကိုကိုင်ထားတဲ့ ငါ့လက်ဟာ

စံနက်တံဖြုတ်ဆွဲဖို့ အချိန်ကိုစောင့်နေတယ်…"

 
 

ဟေ့..မျက်လုံးပြာပြာ အသားသားဖြုဖြုနဲ့ ကောင်တွေ

ကျွန်တွေဆိုပြီး မထီမဲ့မြင်မလုပ်နဲ့ 

မင်းတို့ ရဲ့ နားရွက်တွေထဲ တွားဝင်ပြီး

ကုတ်ဖြဲပစ်မယ်

နှာခေါင်းတွေထဲ လျှေက်ဝင်ပြီး

ကိုက်စားပစ်မယ်။

မင်းတို့ ရဲ့ မုသာဝါဒတွေကို မာန်မာနထောင်လွှားစွာ

ရေရွတ်တတ်တဲ့ စာကြည့်တိုက်တွေကို

မီးရှို့ ပစ်မယ်၊

 
 

မင်းတို့ ရဲ့ အကျိုးစီးပွားကို

ခတ်ဆတ်ဆတ်လေး ဖြတ်ရိုက်လိုက်တော့

အကြမ်းဖက်သမား၊


ငါတို့ ရဲ့ အကျိုးစီးပွားကို

ရာစုနှစ်ပေါင်းများစွာ

သံ၊ သေနတ်၊ ဗိုက်ရပ်(စ်)ပိုးတွေနဲ့ 

အခုဆိုရင်

ကွန်ပျုတာ အင်တာနက်

လူမှုကယ်ဆယ်ရေးဋ္ဌာနများနဲ့ 

ဒုက္ခသည်စခန်းတွေဖွင့်

သံတမန်ရေးစကားတွေ ရေဒီယိုမှာ လွှင့်ခိုင်းပြီး

ဂုတ်သွေးစုတ်တာကြတော့

"လူ့ ယဉ်ကျေးမှု စာမျက်နှာသစ်ဖွင့်လှစ်ခြင်း…" တဲ့။


 

ဟေ့..မျက်လုံးပြာပြာ အသားသားဖြုဖြုနဲ့ ကောင်တွေ

"ဖြုတ်" တွေမှာလည်း အကန့် အသတ်ရှိတယ်ကွ

အမျိုးသားအားမာန်ဆိုတာရှိတယ်။

  • အောင်ဆန်းကို သတ်တာ... မင်းတို့ 
  • မာတင်လူသာကင်း ကို သတ်တာ... မင်းတို့ 
  • ရာဆာအာရာဖတ်ကို နိုဘဲလ်ငြိမ်းချမ်းရေးဆုပေးတာ... မင်းတို့ 

    မင်းတို့ အကျိုးစီးပွားအတွက်

    နဲလ်ဆင်မင်ဒဲလား နဲ့  ဂန္တီကို

    သတင်းလွှင့်ပေးတာလည်း... မင်းတို့ 

    မင်းတို့ အကျိုးစီးပွားအတွက်

    မင်းတို့ ရဲ့ ဒီမိုကရေစီတရားရုံးတွေပေါ်က

    ဆိုရှယ်လစ်တွေ နဲ့  ပြုပြင်ပြောင်းလဲလိုသူတွေကို

    သုတ်သင်ရှင်းလင်းပြီး

    ကြွယ်ဝချမ်းသာမှုတွေ နဲ့ ဆေးကြောပစ်တာလည်း

    မင်းတို့ ပဲ။

     
     

ဟေ့..မျက်လုံးပြာပြာ အသားသားဖြုဖြုနဲ့ ကောင်တွေ

စစ်တိုက်ရင် ဆန်မပေးဘူး ဆီမပေးဘူးဆိုတဲ့ကောင်တွေ

အခု ငါတို့ တိုင်းပြည် ကျည်ဆံမထိပဲ

အေအိုင်ဒီအက်(စ်) နဲ့ 

ငတ်မွတ်ခေါင်းပါးခြင်း ဘေးဒဏ်သင့်နေပြီလေကွာ။

စီးပွားရေးပိတ်ဆို့ မှု စီးပွားရေးပိတ်ဆို့ မှုနဲ့ 

တရုတ်အိုလံပစ်မှာလည်း မင်းတို့ ရဲ့ တံဆိပ်တွေပဲ

အိန္ဒိယမှာလည်း မင်းတို့ ရဲ့ အိုင်တီ ကုမ္မဏီတွေ နဲ့ ကော်(လ်) ဆန်တာတွေ

ထိုင်း၊ ဘင်္ဂံလားဒေရှ်မှာရှိတဲ့ အထည်ချုပ်စက်ရုံတွေကလည်း

မင်းတို့ အတွက်ပဲ

ဒါနဲ့ များ မင်းတို့ က ဘာအတွက်ကြောင့်

တောင်အာဖရိကမှာ ပွဲပြီးမှ နှမ်း ဝင်ဖြုးရတာလည်း

ဘာလဲ… .. မင်းတို့ ပါမှ ပွဲပြီးတယ်ပေါ့ … ..။

 
 

ဘာလဲ… ဗီယက်နမ်မှာ "လုပ်အားခ" ဈေးတွေတက်တော့မှ

ဘင်္ဂံလားဒေရှ်မှာ လာဘ်စားမှုတွေ ပ ပျောက်တော့မှ

အရင်..ဘာလင်တံတိုင်းကြီးပြိုလဲသလို

ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသလို

မင်းတို့ ရန်အေးပြီး စားကုန်မှ

စားကျက်အသစ်ဖွင့်ဖို့ 

မင်းတို့ မွေးထားတဲ့ သီဟာနုကို

တရုတ်တပည့် ဟွန်ဆန် ဆီမှာ

လက်နက်ချ ကြေအေးခိုင်းပြီး

မင်းတို့ ရဲ့ စီးကရက် ကုမ္မဏီတွေ

ကမ္ဘောဒီးယား ကလေးငယ်တွေကို တီဘီ ပိုးပေးသလို

ငါတို့ မြန်မာအမျိုးသမီးလေးတွေကို

ရွှေတိဂုံ ဘုရားပေါ်မှာ "ဖာဇာတ်" ခင်းခိုင်းမဲ့

အားလုံး "တော်ကြ..တန်ကြ"

ဆရာကြီး ဇာတ် ခင်းကျင်းပြအုံးမလို့ လား။

ဟေ့..မျက်လုံးပြာပြာ အသားသားဖြုဖြုနဲ့ ကောင်တွေ

အိုးမဲ သုတ်ပေးတိုင်း ခွပ်တဲ့ကြက်တွေထဲမှာ

တချို့ "ကြက်" တွေမပါဘူးကွ။

 
 

သေနတ်ရောင်းရင် အမျိုးသား မကြေအေးနိုင်ဘူးဆိုပြီး

နောက်ဖေးပေါက်က ခွက်ဝင် နှိုက်တဲ့ကောင်တွေ

မင်းတို့ ရဲ့ ယူနီကော(လ်) နဲ့  တိုတဲ(လ်) ဓာတ်ဆီ ကုမ္မဏီတွေ

ငါတို့ ရွာ တွေ ဖျက်ပစ်တာကြတော့

ဒေါ်လာလေး မစို့ မပို့ နဲ့ 

နှုတ်ပိတ် ပစ်လိုက်တယ်။

 
 

ဘတ် ၅၀၀၀ ပေး လူစုပြီး

တော်လှန်ရေးကို ဖျက်ဆီးတဲ့ ကောင်တွေ

ဒုက္ခသည် စခန်း ဖွင့်ပြီး

လူ့ အခွင့်အရေး ကြေညာစာတမ်းပေါ်မှာ

မျောက်မျက်နှာကြည့်ပြီး မျောက်သွေးသောက်

မျေက်သားစားတဲ့ ကောင်တွေ… …

 
 

ဟိုတယ်မှာ လူစုပြီး

ကွန်ပျုတာ အင်တာနက်နဲ့ 

ယူဂျီ သင်တန်း ပေးခိုင်းတဲ့ကောင်တွေ… ...

 
 

ဟေ့..မျက်လုံးပြာပြာ အသားသားဖြုဖြုနဲ့ ကောင်တွေ

တော်လှန်ရေးတခုရဲ့ နောက်မှာ

နောက်ထပ်… နောက်ထပ် တော်လှန်ရေးတွေရှိတယ်ကွ။

အလုပ်သမားအခွင့်အရေး အလုပ်သမားအခွင့်အရေးနဲ့ 

၂၁ရာစု မင်းတို့ စက်ရုံတွေထဲက

အလုပ်သမားတွေကို နှုတ်ပိတ်ထားတဲ အရေးကိုရော

ဘယ်လို လိမ် ဖို့ စဉ်းစားထားလဲ။

 
 

အမျိုးသမီးအခွင့်အရေး အမျိုးသမီးအခွင့်အရေးနဲ့ 

သူများတိုင်းပြည် ယဉ်ကျေးမှုတွေကို အပြစ်တင်

ကိုယ်ကြတော့ ကိုယ်ဝန်ဖျက်ချဖို့ နဲ့  လိင် ဆက်ဆံလောက်ဖို့ 

အခွန်ငွေတိုးကောက်ဖို့ နဲ့ ကုန်တိုးထုတ်ဖို့ လောက်ကို ရှေ့ တန်းတင်

အလုပ်ခွင်မှာ ကိုယ်ဝန်ရလို့ 

ပေါ့ပါးတဲ့နေရာလေးမှာများ လုပ်ရမလား

''ပေး'' ဆေးခွင့်လေးများရမလား လျှောက်ထားတဲ့အခါကြတော့

မင်းတို့ အမျိုးသမီး တရားသူကြီးတွေကပဲ ''ရီဂျက်'' လုပ်

အမျိုးသမီးအချင်းချင်း ဂုတ်သွေးစုတ် ခိုင်းတာလည်းမင်းတို့ ပဲ။

 
 

ငါတို့ အမျိုးသမီးတွေ မျှတတဲ့ ဝင်ငွေနဲ့ 

ကောင်းမွန်တဲ့ အလုပ်တွေရဖို့ ကြတော့

နှုတ်ပိတ်နေတဲ့ ကောင်တွေ။

 
 

ဟေ့..မျက်လုံးပြာပြာ အသားသားဖြုဖြုနဲ့ ကောင်တွေ

မင်းတို့ အကြပ်ကိုင် အကြမ်းမဖက်ခိုင်းလို့ 

ငါတို့ ''ဖြုတ်'' တွေ အပစ်သတ်ခံရတဲ့အခါ

ထောင်ဒဏ် မပြန်လမ်း မြန်းရတဲ့အခါ

တရုတ်ကို လက်ညှိုးထိုးလိုက်

ရုရှားကို လက်ညှိုးထိုးလိုက်

လူမျိုးရေး ရန်တိုက် ပေးတဲ့ကောင်တွေ...

 
 

မင်းတို့ အရှေ့ အလယ်ပိုင်းကို မီးလောင်တိုက်သွင်းချင်တဲ့ အခါကြတော့

အီရတ်ကို ဗုံး ကြဲလည်း ကောင်းတာပဲ

ဂါဇာ မှာလူတွေကို သုတ်သင်လည်း မှန်တာပဲ

လက်ဘနွန်မှာ မင်းတို့ ငွေနဲ့ ဆောက်ထားတဲ့

ကုလသမဂ္ဂရုံးကို

မင်းတို့ ကိုယ်တိုင် ဒုံးကျည်နဲ့ ပစ်လည်း

ဘာမှမဖြစ်ဘူး။


 

ဟေ့..မျက်လုံးပြာပြာ အသားသားဖြုဖြုနဲ့ ကောင်တွေ

ငါတို့ ရဲ့ အမျိုးသားခေါင်းဆောင်ကို

ဆုတံဆိပ်တွေ အမျိုးမျိုးနဲ့ မြှောက်ပင့်

ငါတို့ တိုင်းပြည်ကို..ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်

ကြိုးစင်တင်ဖို့ ကြံတဲ့ကောင်တွေ

ငါတို့ ဟာ ''ဖြုတ်'' တွေဆိုပေမဲ့

''နီဂရိုး'' လို နဖားကြိုးတော့ အထိုးမခံဘူးကွ။

 
 

မင်းတို့ ကြားလား………. …

မင်းတို့ တတွေ လက်ပန်းကျတဲ့ တနေ့ မှာ

ငါတို့ တတွေ လမ်းလျှောက်မယ်။

 
 

တရားခံရှာနေတဲ့ ငါ့လက်ညှိုးမှာ

လမ်းလျှောက်သံတွေ ကြားတယ်

ကြားတယ်…

ကြားတယ်…

လျှောက်ကြ…လျှောက်ကြ…

ကျွန်တွေ ထ ပြီး လမ်းလျှောက်ကြ။